မေးလေ့ရှိတဲ့ မေးခွန်းများ

Play Onဆိုတာ ဘာလဲ?

Play On ဆိုတာ ဂိမ်းတွေနဲ့ app တွေကို ရယူဖို့ စာရင်းသွင်းနိုင်တဲ့ ကလပ်တစ်ခု ဖြစ်တယ်။ Android ဂိမ်းတွေနဲ့ app ရာပေါင်းများစွာကို အကန့်အသတ်မဲ့ ရယူနိုင်ဖို့ ပုံသေနှုန်းထားတစ်ခုပဲ ပေးစရာလိုတယ်

အခမဲ့ အစမ်း အသုံးပြုကာလက ဘယ်လောက်ကြာလဲ

အခမဲ့ အစမ်းအသုံးပြုကာလကတော့ 3ပါ. အခမဲ့ အစမ်းသုံးကြည့်ဖို့ သင်ဟာ ၀န်ဆောင်မှု စည်းကမ်းချက်တွေကို သဘောတူရမှာ ဖြစ်ပြီး အခမဲ့ အစမ်း အသုံးပြုကာလ ကုန်သွားတဲ့အခါ ဒီကာလမကုန်သေးခင်အတွင်း စာရင်းသွင်းခြင်းကို မပယ်ဖျတ်ထားဘူးဆိုရင်တော့ သင့်ဆီကနေ အလိုအလျောက် ပိုက်ဆံ ကောက်ခံသွားမှာ ဖြစ်ပါတယ်

Play Onကို ဘယ်လို စာရင်းသွင်းရမလဲ?

ဂိမ်းပေါ်ကို ကလစ်နိုပ်လိုက်ပါ၊ ပြီးတဲ့အခါ ဂိမ်းကို သွင်းလိုက်ပြီး ပေါ်လာတဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ပါ

စာရင်းသွင်းဖို့အတွက် ငွေဘယ်လို သွင်းရမလဲ

ငွေသွင်းမှုကိုတော့ သင်ရွေးချယ်ထားတဲ့ ငွေချေမှု ပုံစံကတဆင့် အခါအားလျှော်စွာ ပေးချေနိုင်ပါတယ်

ဂိမ်း/app တစ်ခုကို ဘယ်လို သွင်းရမလဲ

စာရင်းပေးသွင်းထားပြီး ၀ိုင်ဖိုင် ဒါမှမဟုတ် မိုဘိုင်းဖုန်းရဲ့ အင်တာနက်လိုင်းရှိမယ်ဆိုရင် Play On ကနေ ဂိမ်းတွေ၊ app တွေကို သွင်းနိုင်ပါတယ်။ Play On appကို ဖွင့်လိုက်ပြီး ဂိမ်း/app တစ်ခုခုပေါ်ကို နိပ်လိုက်ပြီး "install" ကို နိပ်လိုက်ပါ.

ဂိမ်း/app တွေကို ဘယ်နှစ်ခု ဒေါင်းလုတ် လုပ်လို့ ရနိုင်လဲ

စာရင်းသွင်းထားခြင်းဟာ သက်တမ်းမကုန်သေးရင်တော့ ကိုယ်ကြိုက်သလောက် ဂိမ်းတွေ/appတွေကို ဒေါင်းလုတ် ဆွဲနိုင်ပါတယ်

app ထဲမှာ ၀ယ်ခိုင်းတာမျိုး တကယ်ပဲ မရှိဘူးလား

ဂိမ်းအများစုမှာတော့ ပိတ်ပင်ထားတဲ့ အဆင့်တွေ မရှိပါဘူး။ ကစားတဲ့သူတွေဟာ အကုန်လုံးကို ကစားခွင့်ရှိသွားမယ်ဆိုရင် တချို့ဂိမ်းတွေဟာ စီးပွားရေးတွက်ခြေမကိုက်တော့ပါဘူး။ Play Onလို့ခေါ်တဲ့အဖြေကတော့ ဂိမ်းတွေထဲမှာ သုံးဖို့ ပိုက်ဆံကို သင့်ကိုပေးပါလိမ့်မယ်၊ဂိမ်းများများကစားလေလေ ပိုက်ဆံပိုရလေလေပါပဲ။ ဂိမ်းတစ်ခုချင်းစီအတွက်လည်း တစ်နေ့ကို နည်းနည်းစီ ရမှာပါ

ဖုန်းထဲမှာ ဂိမ်း/app ဘယ်နှစ်ခု ထည့်ထားနိုင်သလဲ

ပျမ်းမျှကတော့ ရယူနိုင်တဲ့ ဂိမ်းတွေဟာ ၄၀ မီဂါဘိုက်လောက်ရှိပါတယ်။ သင့်ရဲ့ ဖုန်းထဲမှာ ၂ ဂစ်ဂါဘိုက် ပမာဏလောက် လွတ်နေသေးတယ်ဆိုရင် ဂိမ်း/app အခု ၅၀ လောက် ထည့်သွင်းနိုင်ပါတယ်

ဖုန်းအသစ်လဲလိုက်တဲ့အခါ Play On ကို ဖုန်းအသစ်မှာ ဘယ်လို သွင်းရမလဲ

ဖုန်းအသစ်မှာ အမည်မသိ အရင်းမြစ်တွေကလာတဲ့ ဖိုင်တွေကို ခွင့်ပြုလိုက်ပြီးရင်တော့ Play On ရဲ့ နောက်ဆုံးထွက် ဗားရှင်းကို ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်ပါတယ်

သွင်းထားတဲ့ ဂိမ်း/app တွေကို ဘယ်မှာ ပြန်ရှာရမလဲ

Play Onကို ဖွင့်လိုက်ပါ။ အပေါ်ဖက် စာရင်းကို နိုပ်လိုက်ပြီး "My Apps"ကို ထပ်နိုပ်လိုက်ပါ။ အဲဒီမှာ သွင်းထားတဲ့ ဂိမ်းတွေ၊ app တွေအားလုံးကို တွေ့နိုင်ပါတယ်

ဂိမ်း/app ကို ဘာလို့ ဒေါင်းလုတ်လုပ်မရတာလဲ

ဂိမ်း/app တစ်ခုကို ဒေါင်းလုတ်လုပ်နေရင်း ပြသနာတစ်ခုခုပေါ်လာရင် အောက်မှာ ဖော်ပြပေးမယ့် အချက်တွေကို စစ်ဆေးနိုင်ပါတယ်:

၁။ သင့်ရဲ့ဖုန်းထဲက အချက်အလက်သိုမှီးနိုင်မှု (သင့်ရဲ့ ဖုန်းထဲမှာ နေရာ အလုံအလောက်မရှိရင် ဂိမ်းကို ဒေါင်းလုတ်ဆွဲလို့ရမှာ မဟုတ်ပါဘူး)
၂။ အင်တာနက်ကော်နက်ရှင် (အင်တာနက်ကော်နက်ရှင်မကောင်းရင်လည်း ဒေါင်းလုတ် လုပ်လို့ ပြီးမှာ မဟုတ်ပါဘူး).
၃။ ဖုန်း "Settings" ထဲက "Security" ဒါမှမဟုတ် "Application" (ဖုန်းအမျိုးအစားပေါ်မူတည်) အောက်က "Unknown Sources" ကို ဖွင့်ကြည့်ပြီး Play Onကလာတဲ့ ဂိမ်းတွေကို သွင်းခွင့်ပြုထားရဲ့လားဆိုတာ ပြန်စစ်ပေးပါ။ အဲဒီနေရာမှာ အမှန်ခြစ်ကလေးကို မခြစ်ထားရင် ခြစ်လိုက်ပြီး အတည်ပြုဖို့ စာလေးတစ်ခု ပေါ်လာရင် အိုခေ ကို နိပ်ပေးပါ

စာရင်းသွင်းထားတာကို ဘယ်လို ပြန်ဖျတ်ရမလဲ

နိပ်လိုက်ပါ ဒီနေရာကို စာရင်းပယ်ဖျတ်ဖို့အတွက် နိပ်လိုက်ပြီး လမ်းညွှန်ချက်အတိုင်း ဆက်လုပ်ပါ

စာရင်းသွင်းထားတာကို ဘယ်လို ပြန်ဖျတ်ရမလဲ

နိပ်လိုက်ပါ ဒီနေရာကိုစာရင်းပယ်ဖျတ်ဖို့အတွက် နိပ်လိုက်ပြီး လမ်းညွှန်ချက်အတိုင်း ဆက်လုပ်ပါ

စာရင်းကို ပယ်ဖျတ်ပြီးတဲ့တိုင်အောင် ဒေါင်းလုတ်ဆွဲထားတဲ့ ဂိမ်းတွေကို ဆက်ကစားလို့ရသေးလား

ဂိမ်းတွေ၊ app တွေကို စာရင်းသွင်းခြင်းနဲ့ ဆက်သွယ်ထားတာဖြစ်လို့ စာရင်းပယ်ဖျတ်လိုက်မယ်ဆိုရင် သွင်းထားတဲ့ ဂိမ်းတွေ၊ app တွေကို ဆက်ပြီး သုံးနိုင်တော့မှာ မဟုတ်ပါဘူး

မေးခွန်းတွေ မေးဖို့နဲ့ အမြင်တွေပြန်ပြောပြဖို့ Play On အဖွဲ့ကို ဘယ်လို ဆက်သွယ်ရမလဲ?

ကျေးဇူးပြုပြီးinfo@numbase.com ကို အီးမေးလ် ပို့ပေးပါ